Thursday, September 3, 2015

ကဗျာဆရာများသို့....(အသိ​ပေး အ​ကြောင်းကြားလွှာ)

ကဗျာဆရာနှင့်
ကဗျာချစ်​သူများခင်​ဗျား
ကျ​နော်​အခု အလုပ်​မအား​သေးလို့
ကဗျာကို ၅ရက်​​လောက်​နားထားပါအုံးမယ်
အပြစ်​​တော်​မမြင်​ဘဲ ဆက်​လက်​ပြီး​တော့
အား​ပေး ဖတ်​ရှု့ ​ရေးသား ​ပေးပို့ပါအုံးလို့
အနူးညွတ်​ တောင်းပန်​အပ်​ပါတယ်​ခင်​ဗျား
အားလုံးကို​ကျေးဇူးအထူးတင်​ရှိပါတယ်​....

Saturday, August 1, 2015

ကြေငြာအပ်​ပါသည်​.....(က​ဗျာချစ်​သူများသို့....)

ကဗျာချစ်နှစ်သက်သော
ကဗျာဝါသနာရှင်များခင်ဗျား..
မိမိတို့ရဲ့ရင်ထဲမှဖြစ်ပေါ်လာသော
ရင်တွင်းဖြစ်ကဗျာစစ်စစ်များကို
မျှဝေချင်လျှင်..
သို့မဟုတ်...
မိမိဖတ်ဖူးသောကဗျာများကိုကူးပြီး
ပြန်မျှဝေချင်လျှင်...
သို့မဟုတ်..
ကြော်ငြာများထည့်သွင်းလိုလျှင်..
ဖုန်းနံပါတ်​..09428358526 သို့
Viber messagဖြင့်
ပေးပို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျား

(ကဗျာပိုင်ရှင်များ၏ ကဗျာခေါင်းစဉ်နှင့်
ကလောင်ရှင်နာမည်များကိုလည်း
ထည့်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်)

အားလုံးသော ကိုကိုမမများကို
လေးစားလျက်..

မင်းအတွက်​လက်​​ဆောင်​ 💞 ရိုးမ​မြေ

မင်းအတွက်​လက်​​ဆောင်

မေတ္တာကို တေးငြီးဆို
အကြင်နာကို စည်းချက်ထွင်လို့ 
အပြစ်ဆိုစရာမရှိတဲ့
ငါ့ရင်ထဲက ချစ်ခြင်းတွေဟာ
စစ်ခင်းစရာမလိုတဲ့
အဖြူရောင် ရွက်​လွှာမို့ 
ယူဆောင်ကာ သွားလိုက်ပါ
မင်းအတွက်လုံခြုံတဲ့
အသိုက်အမြုံတစ်ခုအဖြစ်
ငါပေးလိုက်ပါတယ်

ရိုးမ​မြေ

က​ဗျာချစ်​သူများသို့.....

က​ဗျာဆရာများ,က​ဗျာချစ်​ပရိတ်​သတ်​များ
ဒီ​နေ့ကစပြီး....
က​ဗျာများ​ပေးပို့နိုင်​ပါပြီ.....

Ph. 09428358526 သို့....
Viber ဖြင့်​​ပေးပို့နိုင်​ပါသည်​....

Monday, July 7, 2014

ကြေငြာအပ်ပါသည်..(ကဗျာချစ်သူများသို့...)

ကဗျာချစ်နှစ်သက်သော
ကဗျာဝါသနာရှင်များခင်ဗျား..
မိမိတို့ရဲ့ရင်ထဲမှဖြစ်ပေါ်လာသော
ရင်တွင်းဖြစ်ကဗျာစစ်စစ်များကို
မျှဝေချင်လျှင်..
သို့မဟုတ်...
မိမိဖတ်ဖူးသောကဗျာများကိုကူးပြီး
ပြန်မျှဝေချင်လျှင်...
သို့မဟုတ်..
ကြော်ငြာများထည့်သွင်းလိုလျှင်..
ဖုန်းနံပါတ်​..09428358526 သို့
Viber messagဖြင့်၎င်း
Email.ဖြင့်ပေးပို့လိုလျှင်
ahpaing123@gmail.com သို့၎င်း
ပေးပို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျား

(ကဗျာပိုင်ရှင်များ၏ ကဗျာခေါင်းစဉ်နှင့်
ကလောင်ရှင်နာမည်များကိုလည်း
ထည့်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်)

အားလုံးသော ကိုကိုမမများကို
လေးစားလျက်...

Wednesday, June 25, 2014

viber sticker ယူရန် apk

ပိုက်ဆံနဲ့ဝယ်ရသော Viber sticker များကို
ရယူနိုင်သော apk လေးဖြစ်ပါတယ်...
လိုချင်သော ကိုကို မမ များ
အောက်မှာပေးထားတဲ့လင့်မှာ
Download ဆွဲယူနိုင်ပါတယ်...

ဒေါင်းလော့ဆွဲရန်

လုပ်ပုံလုပ်နည်းကတော့...
ပထမဆုံးဒီဆော့ဝဲကို
install လုပ်ပါ...
ပြီးရင်မိမိရဲ့ viber ကိုဖွင့်ပါ..
Menu ကိုနှိပ်ပါ..


နောက်ပြီး Exit ကိုနှိပ်၍ viber မှ
ထွက်လိုက်ပါ...

ခုနားက install လုပ်ထားတဲ့
Apk ကိုဖွင့်လိုက်ပါ..
အစဉ်အတိုင်းဆက်လုပ်သွားပါ..
အဆင်ပြေသွားပါလိပ့်မယ်..
အရေးကြီးတာက
မိမိတို့ဖုန်းမှာ Root ဖောက်ထားဖို့လိုပါတယ်..


အယ်ပိုင်...

Friday, January 10, 2014

ည ( အယ်​ပိုင်​ )

တိတ်ဆိတ်တဲ့ ``ည''
အိပ်ပျက်တဲ့ ``ည''
အထီးကျန်တဲ့ ``ည''
မီးလျှံတွေနဲ့ ``ည''
အဲဒီ ``ည''
မင်းဖုန်းပိတ်ထားတဲ့ ``ည''

ဝေဒနာကိုဖြေသိမ့်ဖို့
မလုံလောက်မှန်းသိပေမဲ့
ခေါင်းအုံးဖက် အိပ်စက်ခဲ့ရတဲ့
အိပ်မက်ဆိုးနဲ့ ``ည''

အရင်လိုကြယ်တွေလည်း
မစုံတော့ဘူး
အရင်လို ရင်တွေလည်း
မခုန်တော့ဘူး
လိုင်းပေါ်မှာနင်မရှိတော့
တစ်ကိုယ်တည်းစကားဆို
တစ်ယောက်တည်းအတွေးပို
ခဏခဏငိုခဲ့ရတဲ့
လရောင်မသန်းတဲ့
စိတ္တဇ ``ည''

နွယ်​ ( အယ်​ပိုင်​ )

နွယ်

ဘယ်​အချိန်​ကတည်းက
တွယ်​တာခဲ့မိတာလဲနွယ်
ရင်​အုံမှာအမြစ်​တွယ်​မှ
ချစ်​တတ်​ခဲ့တာပါ
ရစ်​ပတ်​မိပြီးမှ​တော့
ဖြေပါလို့မ​ပြော​တော့ပါဘူးနွယ်

ကြွေလွယ်​တဲ့
ကိုယ့်​နှလုံးသားတစ်​စုံသာ
ကြမ္မာဖန်​တဲ့
ဝေးခြင်းဒဏ်​ကို
ခံလိုက်​ပါ​တော့မယ်​...

အချစ်​ဦးမဟုတ်​​ပေမဲ့
နွယ်​ကိုရည်​စူးခဲ့တာမို့
ကြည်​နူးမိတာ​တော့
အချစ်​ဦးထက်​ပိုတယ်​နွယ်

ရူးတယ်​လို့ပဲ​ပြော​ပြော
မူးတယ်​လို့ပဲ​ပြော​ပြော
ထူးတယ်​လို့ပဲ​ပြော​ပြော နွယ်​ 
ရင်​အုံမှာစူးခဲ့တာ​တော့
အမှန်​ပါ

အပိုမ​ပြောဘူးနွယ်
ဒါ​ပေမဲ့
ကြို​ပြောထားလိုက်​မယ်
နွယ်​ကလွဲပြီး
ဘယ်​သူ့ကိုမှ မတွယ်​တာ​တော့ဘူး
နွယ်