နွယ်
ဘယ်အချိန်ကတည်းက
တွယ်တာခဲ့မိတာလဲနွယ်
ရင်အုံမှာအမြစ်တွယ်မှ
ချစ်တတ်ခဲ့တာပါ
ရစ်ပတ်မိပြီးမှတော့
ဖြေပါလို့မပြောတော့ပါဘူးနွယ်
ကြွေလွယ်တဲ့
ကိုယ့်နှလုံးသားတစ်စုံသာ
ကြမ္မာဖန်တဲ့
ဝေးခြင်းဒဏ်ကို
ခံလိုက်ပါတော့မယ်...
အချစ်ဦးမဟုတ်ပေမဲ့
နွယ်ကိုရည်စူးခဲ့တာမို့
ကြည်နူးမိတာတော့
အချစ်ဦးထက်ပိုတယ်နွယ်
ရူးတယ်လို့ပဲပြောပြော
မူးတယ်လို့ပဲပြောပြော
ထူးတယ်လို့ပဲပြောပြော နွယ်
ရင်အုံမှာစူးခဲ့တာတော့
အမှန်ပါ
အပိုမပြောဘူးနွယ်
ဒါပေမဲ့
ကြိုပြောထားလိုက်မယ်
နွယ်ကလွဲပြီး
ဘယ်သူ့ကိုမှ မတွယ်တာတော့ဘူး
နွယ်
ဘယ်အချိန်ကတည်းက
တွယ်တာခဲ့မိတာလဲနွယ်
ရင်အုံမှာအမြစ်တွယ်မှ
ချစ်တတ်ခဲ့တာပါ
ရစ်ပတ်မိပြီးမှတော့
ဖြေပါလို့မပြောတော့ပါဘူးနွယ်
ကြွေလွယ်တဲ့
ကိုယ့်နှလုံးသားတစ်စုံသာ
ကြမ္မာဖန်တဲ့
ဝေးခြင်းဒဏ်ကို
ခံလိုက်ပါတော့မယ်...
အချစ်ဦးမဟုတ်ပေမဲ့
နွယ်ကိုရည်စူးခဲ့တာမို့
ကြည်နူးမိတာတော့
အချစ်ဦးထက်ပိုတယ်နွယ်
ရူးတယ်လို့ပဲပြောပြော
မူးတယ်လို့ပဲပြောပြော
ထူးတယ်လို့ပဲပြောပြော နွယ်
ရင်အုံမှာစူးခဲ့တာတော့
အမှန်ပါ
အပိုမပြောဘူးနွယ်
ဒါပေမဲ့
ကြိုပြောထားလိုက်မယ်
နွယ်ကလွဲပြီး
ဘယ်သူ့ကိုမှ မတွယ်တာတော့ဘူး
နွယ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.